Weekly Friday Khutbah by Yadanar

1st Jummah of 2024 (05/01/2024)

ယနေ့အတွက် MUIS ခွသ်သဗာဟ်ခေါင်းစဉ်မှာ “The Beauty of Islam’s Teachings” ဖြစ်သောကြောင့် “အစ္စလာမ့်အလှတရားမှ သင်ကြားပြသမှုများ။” ဟု နားလည်မိပါသည်။

သောကြာခွသ်သဗာဟ်အစတွင် အလ္လာဟ်အရှင်မြတ် မိန့်မှာထားသော ကောင်းမွန်သော အပြုအမူ၊ အကျင့်အကြံများကို ကျင့်ကြံကြိုးပမ်းလျက် တားမြစ်ထားသည်များမှ ဝေးစွာရှောင်ကျဥ်ကြပြီး သက္ကဝါဟုခေါ်သော အလ္လာဟ်(ရှိခြင်းကို)သိစိတ်၊  အလ္လာဟ်ချစ်စိတ် တိုးပွားစေရေး အဆက်မပျက် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းထားပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကို အလ္လာဟ်အရှင်မြတ်နှစ်သက်လက်ခံပြီး ကျွန်ုပ်တို့အား ယခုဘဝတွင်သာမက နောက်ဘဝတွင်လည်း အောင်မြင်မှုများ၊ ကောင်းချီးများ ပေးသနားပါရန် တောင်းခံအပ်ပါသည်။

ကျေးဇူးတော်များနှင့် ကောင်းချီးများ ပေါကြွယ်ဝခြင်းသည် ချီးမွမ်းထောပနာအပေါင်းနှင့် ပြည့်စုံသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ပါသည်။ ထိုအရှင်သည် ကမ္ဘာမြေပေါ်ရှိ ကျွန်ုပ်တို့သက်တမ်းကို တိုးစေခဲ့ပြီး ယခုအချိန်တွင် ကျွန်ုပ်တို့သည် ၂၀၂၄ နှစ်သစ်ကို ခရီးဦးကြိုပြုလျက် အသက်ရှင်နေကြပါသည်။ လွန်ခဲ့ပြီးသောနှစ်များအတွင်း ကျွန်ုပ်တို့အား လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် အသက်ရှင်သန်ခွင့် လက်ဆောင်မွန် ကောင်းချီးများကို ပေးဆောင်ခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြောင်း ဖော်ပြကြရပေမည်။

ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့သည် အကျိုးရှိသောအသိပညာကို အဆက်မပြတ်ရှာဖွေခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းရန် ဆက်လက်ကြိုးစားကြရမည်။ အမှန်တကယ်ပင် ကျွန်ုပ်တို့သိထားပြီးဖြစ်သည့် ကျွန်ုပ်တို့၏တမန်တော်မြတ်ထံ ပို့ချသင်ကြားပြသခဲ့သော ပထမဆုံးအာယတ်တော်မှာ အသိပညာ ဗဟုသုတရရှိရန်အတွက် အလ္လာဟ်အရှင်မြတ်မှ ကျွန်ုပ်တို့အား ဖတ်ရှုရန်

အမိန့်ပေးထားခြင်းဖြစ်သည်။ ကျမ်းတော်မြတ်ကိုရ်အာန် (၉၆:၁) တွယ်ကပ်သောသွေးခဲကဏ္ဍတွင် အလ္လာဟ်အရှင်မြတ်မှ တမန်တော်မြတ်အား မိန့်ကြားထားသည်မှာ -

96|1| (အို-နဗီတမန်တော်) အသင်သည် မိမိ အရှင်မြတ်၏နာမံတော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထို အရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

(-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့)

အီမာန် အီဘင် ခသီးရ် (Imam Ibn Kathir) မှ သူ၏ သဖ်ဆီရ်း အကျယ်ဖွင့်ဆိုချက် စာအုပ်တွင် ကျမ်းတော်မြတ်ကိုရ်အာန်၏ ပထမဦးဆုံးကျလာသော အာယတ်ဖြစ်သည့် တွယ်ကပ်သောသွေးခဲကဏ္ဍ အာယတ် ၁ မှ ၅ အထိသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် လူသားတို့အပေါ် ထားရှိသော အရှင့်၏ ချစ်ခြင်းမေတ္တာ - အသိပညာ၏ အရေးပါမှုကို ပေါ်လွင်စေသည်ဟု ရှင်းလင်းထားသည်။

သို့ဖြစ်ရာ ထိုအသိပညာသည် ကျွန်ုပ်တို့အတွက် အစ္စလာမ်မှတစ်ဆင့် ရရှိထားသောကောင်းချီးဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကရုဏာကို နားလည်ရန် သော့ချက်လည်း ဖြစ်ပါသည်။ ထိုအသိပညာဖြင့် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် သူ၏တမန်တော်များအပါး ပိုမိုနီးကပ်စေပြီး ကောင်းမွန်စွာ ထဲထဲဝင်ဝင် သိနိုင်မည်ဖြစ်သည်။ အသိပညာသည် ကျွန်ုပ်တို့အား ကောင်းမွန်သော အကျင့်အမူနှင့် မွန်မြတ်သောစရိုက်လက္ခဏာကို တိုးပွါးစေမည်ဖြစ်သည်။ အသိပညာဖြင့်သာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘာသာတရား၏ အလေ့အကျင့်ကို နားလည်သဘောပေါက်ပြီး အကျိုးဆက်အနေဖြင့် တိုးတက်လာမည်လည်းဖြစ်သည်။

ကျမ်းတော်မြတ်ကိုရ်အာန်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်များ (ကျင့်ဆောင်ချက်များ) သည် ကျွန်ုပ်တို့အတွက် လိုက်နာရမည့် လမ်းညွှန်မှုများဖြစ်ပြီး  လူသားအားလုံးအတွက် တမန်တော်မြတ် ထားရှိခဲ့သော အမွေအနှစ်များလည်းဖြစ်သည်။ ဤလေးနက်သောလမ်းညွှန်မှုများ၏ ဥပမာတစ်ခုမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုများကို သတိပြုလေ့လာရန်နှင့် အသိအမှတ်ပြု ကျေးဇူးတင်တတ်ရန် ကျွန်ုပ်တို့ကို အားပေးခြင်းဖြစ်သည်။ နေထွက်ခြင်း နေဝင်ခြင်း၏ အံ့ဖွယ်အမှုများ၊ လ၏အဆင့်ဆင့် ပြောင်းလဲနေမှုများ၊ တောင်များ၏ တည်ငြိမ်ခိုင်မြဲနေမှုများနှင့် စိမ်းလန်းသောသစ်ရွက်များ၏ သံသရာစက်ဝန်းများကို ဆင်ခြင်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ခံစားသိရှိနိုင်ပါသည်။ ဤထူးခြားသောလက္ခဏာများသည် အရှင်မြတ်၏ အကန့်အသတ်မရှိသော တန်ခိုးကြီးမားမှုအတွက် သက်သေခံချက်တစ်ခုဖြစ်ပြီး စိတ်အားထက်သန်သော ယုံကြည်သူများ၏ ယုံကြည်ခြင်းကို အားဖြည့်ပေးသည်။ စစ်မှန်ပြီး အကျိုးရှိသော အသိပညာ၏ လမ်းညွှန်မှုကို လိုက်နာခြင်းဖြင့် ခံစားသိရှိနိုင်မည်လည်းဖြစ်သည်။

ကျမ်းတော်မြတ်ကိုရ်အာန်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်များသည်  လုပ်ဆောင်ချက်တိုင်းတွင် အကျိုးဆက်ရှိကြောင်း ကျွန်ုပ်တို့အား သတိပေးသည်။ ကြင်နာသော လုပ်ရပ်များကို အလ္လာဟ်အရှင်မြတ်မှ ကြင်နာမှုဖြင့် ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ထိုနည်းတူစွာ မှားယွင်းသောလုပ်ရပ်များအတွက် လက်စားချေခြင်းကိုသာ ရင်ဆိုင်ရမည်လည်းဖြစ်သည်။ ကျွန်ုပ်တို့အား ကောင်းမြတ်ခြင်းကို အမြဲလက်ကိုင်ထားရန်နှင့် ကျွန်ုပ်တို့၏အလေ့အကျင့်များ၊ လုပ်ရပ်များနှင့် စိတ်နေသဘောထားများတွင် မကောင်းမှုအားလုံးကို ရှောင်ရှားကြရန် သတိပေးထားသည်။ ဧကန်အမှန် စစ်မှန်သောအသိပညာသည်သာ ကျွန်ုပ်တို့ကို ထိုသို့ အပြုသဘောဆောင်သော ဦးတည်ရာသို့ တွန်းပို့နိုင်မည်ဖြစ်သည်။

စစ်မှန်သောယုံကြည်သူသည် သူ၏ယုံကြည်ခြင်းကို သူ၏လှပတင့်တယ်သော အမူအကျင့်များဖြင့် တန်ဆာဆင်ပေမည်။ ယုံကြည်ခြင်းနှင့် စရိုက်လက္ခဏာကောင်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာရှိနေပြီး ခွဲခြားမရနိုင်သော တန်ဖိုးနှစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏အမူအကျင့်များသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ရောင်ပြန်ဟပ်နေပါသည်။ ကျွန်ုပ်တို့၏ ကောင်းမြတ်သော အမူအကျင့်များ၊ လုပ်ဆောင်မှုများဖြင့် မွတ်စလင်စရိုက်လက္ခဏာကို ပြကြရမည်။သေးသိမ်သော သဘောထားများဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဂုဏ်သိက္ခာနှင့် ဘာသာတရား၏ သန့်ရှင်းမှုကို မညှိုးနွမ်းစေသင့်ပါ။  တမန်တော်မြတ် ပြောကြားခဲ့သော ဟဒီစ်းတော်တစ်ခုကို အီမာန် အလ် သီရ်မီးဇီ (Imam Al-Tirmizi) မှ ပြန်လည် ဆင့်ပြန်ပြောပြထားသည်ကို သတိရကြကုန်။ “ယုံကြည်သူများအတွင်း သူတို့၏ သက်ဝင်ယုံကြည်မှုတွင် အပြည့်စုံဆုံးသောသူဆိုသည်မှာ အကောင်းဆုံးသော အမူအကျင့်ရှိသူဖြစ်သည်"

အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိရန် အတူတကွ လုပ်ဆောင်ကြပါစို့။ ဒီနေ့သည် မနေ့ကထက် ပိုကောင်းအောင် ကြိုးစားနိုင်ပြီး မနက်ဖြန်သည် ဒီနေ့ထက် ပိုကောင်းအောင် ကြိုးစားနိုင်သောအခွင့် ကျွန်ုပ်တို့တွင်ရှိပါသည်။ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်၊ ဉာဏ်ပညာကို ပြုစုပျိုးထောင်ပြီး ငြိမ်းချမ်းရေးကို ပြန့်ပွါးစေရန် ကြိုးစားကြပါစို့။

ယခုနှစ်သစ်သန္နိဌာန်အဖြစ် ဘာသာရေးအသိပညာကို နက်နက်ရှိုင်းရှိုင်း နားလည်လာစေရန် ဆုံးဖြတ်သင့်သည်။ တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ်တို့သည် ပြီးဆုံးခဲ့သော ၂၀၂၃ ခုနှစ်တွင်း မိမိတို့လုပ်ဆောင်ခဲ့များကို ပြန်လည်သုံးသပ် အကဲဖြတ်ဆင်ခြင်သင့်ပါသည်။ ယုံကြည်သူအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာ၊ တာဝန်များကို အတတ်နိုင်ဆုံး အကောင်းဆုံးနည်းလမ်းဖြင့် ထမ်းဆောင်ခဲ့ကြပါသလား။ ကျွန်ုပ်တို့၏ လုပ်ရပ်များနှင့် တုံ့ပြန်ဆက်ဆံမှုများတွင် တရားမျှတမှုရှိခဲ့ပါသလား။ ဤနှစ်သစ်အချိန်တွင် မိမိကိုယ်ကို တိုးတက်စေရန်အတွက် မည်ကဲ့သို့သော နည်းဗျူဟာများကို ချမှတ်ကြရမည်နည်း။

ယခုနှစ်တွင် မိမိကိုယ်ကို တိုးတက်စေရန်နှင့် ဘာသာရေးဆိုင်ရာ အသိပညာများ၊ နားလည်မှု မြင့်တက်လာစေရန် ကြိုးပမ်းအားထုတ်ကြရမည်။ ထိုသို့ကြိုးပမ်းရာတွင် ဗလီဝတ်ကျောင်းများ သို့မဟုတ် တရားဝင် မှတ်ပုံတင်ထားသော အစ္စလာမ့်ရေးရာဌာနများမှ ဖွင့်လှစ်သော သင်တန်းများ သို့မဟုတ် အစီအစဉ်များကို ပါဝင်တက်ရောက်ခြင်းသည် ပို၍နည်းစနစ်ကျပြီး အကျိုးများပေမည်။

အချို့သော ဆရာများ၏ သင်ကြားချက်များသည် သူတို့သည်သာ မှန်ကန်ပြီး ဂျန္နသ်သုခဘုံတွင် နေရာရမည်မှာ သေချာကြောင်း အာမခံချက်ပေးကြသည်။ ထိုသို့သော သင်ကြားမှုများ၊ လှုပ်ရှားမှုများတွင် ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏မိသားစုများကို ပါဝင်ခြင်းမရှိစေရန် ကာကွယ်ရမည်ဖြစ်သည်။ အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များမှ လွဲမှားနေသော တရားများဖြစ်သည့် ဆန်းကြယ်သောအသိပညာအကြားအမြင်ရခြင်း သို့မဟုတ် ဆဌမအာရုံ သို့မဟုတ် လှုံ့ဆော်မှုအပေါ် အခြေခံသည့် မည်သည့်သင်ကြားချက်များကိုမှ ပါဝင်ခြင်းမရှိစေရန် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏မိသားစုများကို အကာအကွယ်ပေးကြရမည်။

အမှန်မှာ ထိုသို့သော အထင်အမြင်လွဲမှားသော နားလည်မှုများသည် ပုံပျက်ခြင်းနှင့် သွေဖည်ခြင်းတို့ကို ဖြစ်စေသည့် အတင်းအကျပ်ဖြစ်သော ဘာသာရေးသွန်သင်ချက်များဆီသို့ ဦးတည်သွားစေနိုင်သည်။ ထို့ကြောင့် စစ်မှန်ပြီး အရည်အချင်းပြည့်မီသော အရင်းအမြစ်များမှ ဘာသာရေးအသိပညာကို သင်ယူခြင်း၏ အရေးကြီးပုံကို လူတိုင်းအသိရှိစေရန် သတိပေးလိုပါသည်။ မိမိဆည်းကပ်မည့် ဘာသာရေးဆရာ၏ အရည်အချင်းများကို စုံစမ်းစစ်ဆေးရန် ကျွန်ုပ်တို့အပေါ်တွင် တာဝန်ရှိပါသည်။ ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည့် အဗ္ဗဒူလ္လာဟ် အီဘင် မူဘရက် (Abdullah Ibn Mubarak) မှ ဟဒီစ်းတော်များ၏ အဆင့်ဆင့်ဆင်းသက်လာပုံဆိုင်ရာ လေ့လာမှုပညာရပ်ကို ပြောသောအခါတွင် "အမှန်ပင် isnad ဟုခေါ်သော ဆင့်ပြန်ခဲ့သူများ၏ နောက်ကြောင်းရာဇဝင်ကို လေ့လာခြင်းသည် ဘာသာရေးဆိုင်ရာ သင်ကြားမှုများ၏ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်သည်။ ထိုနောက်ကြောင်းရာဇဝင် လေ့လာမှုမရှိပါက မည်သူမဆို တမန်တော်မြတ်၏ ဟဒီစ်းတော်များအကြောင်း သူတို့အလိုရှိသည့်အတိုင်း အလိမ်အညာရော၍ ပြောနိုင်သည်မှာ အသေအချာပင်။”

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးအား ဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အောင်မြင်မှုရရှိရေးအတွက် သောင်ဖိက် (taufiq) ဟူသည့် ကောင်းမှုပြုရန် တွန်းအားပေးမှုနှင့် ဟေဒါရဟ် (hidayah) ဟူသည့် လမ်းညွှန်မှုကို ပေးသနားတော်မူပါစေ။ Hidayah al-taufiq ဆိုသည့် ကျွန်ုပ်တို့အားလုံးအလ္လာဟ်အရှင်မြတ်နှစ်သက်လက်ခံမည့် ကောင်းမြတ်သည့် အကျင့်အမူ၊ နာခံမှုပုံစံဖြင့် နေထိုင်ကျင့်ကြံပြီး နှလုံးသားတွင်း မှန်ကန်သော လမ်းညွှန်မှုကို ရရှိသောသူများအတွင်း အပါအဝင် ဖြစ်ပါရစေ။ 🤲🏻🤲🏻🤲🏻

Jummah Mubarak

Have a happy Friday

ပျော်ရွင်ဖွယ် သောကြာနေ့ဖြစ်ပါစေ

2nd Jummah of 2024 (12/01/2024)

ယနေ့အတွက် MUIS ခွသ်သဗာဟ်ခေါင်းစဉ်မှာ “The Beauty of Islamic Rullings (“Shari’ah”)” ဖြစ်သောကြောင့် “အစ္စလာမ့် အုပ်ချုပ်မှု စီရင်ထုံးများ(ရှရီအဟ်)၏ အလှတရား။” ဟု နားလည်မိပါသည်။

သောကြာခွသ်သဗာဟ်အစတွင် အလ္လာဟ်အရှင်မြတ် မိန့်မှာထားသော ကောင်းမွန်သော အပြုအမူ၊ အကျင့်အကြံများကို ကျင့်ကြံကြိုးပမ်းလျက် တားမြစ်ထားသည်များမှ ဝေးစွာရှောင်ကျဥ်ကြပြီး သက္ကဝါဟုခေါ်သော အလ္လာဟ်(ရှိခြင်းကို)သိစိတ်၊  အလ္လာဟ်ချစ်စိတ် တိုးပွားစေရေး အဆက်မပျက် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ ကျင့်ကြံလုပ်ဆောင်သော ကောင်းမှုအစုစုကို နှစ်သက်လက်ခံပြီး ကောင်းချီးများ ပေးသနားပါရန် တောင်းခံအပ်ပါသည်။

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ကောင်းချီးများစွာ ပေးအပ်ခဲ့သည်။ ထိုများပြားလှစွာသော ကောင်းချီးများထဲမှ တစ်ခုမှာကောင်းသောအရာနဲ့ မကောင်းသောအရာကို ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်စွမ်းရည်ကို ပေးအပ်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား ယျေဘူရကျသော အသိတရားကို ရရှိထားသည်ဖြစ်ရာ အကျိုးရှိသော အသိပညာကို မပျက်ရှာဖွေ၊ ပြုစုပျိုးထောင် မြှင့်တင်ပြီး အဖိုးတန်သော လက်ဆောင်တစ်ခုအဖြစ် တန်ဖိုးထားရမည်ဖြစ်သည်။ ကျမ်းတော်မြတ်ကိုရ်အာန် (၅:၁၀၀) ခဲဘယ်ဘောဇဉ်ကဏ္ဍတွင် အလ္လာဟ်အရှင်မြတ်မှ တမန်တော်မြတ်အား မိန့်ကြားထားသည်မှာ -

5|100| (အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ-3)

(-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့)

အထက်ဖော်ပြပါ အာယတ်ကို ဆင်ခြင်သုံးသပ်ကြည့်ပါက အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်သော လူသားစွမ်းရည်သည် အင်မတန် တန်ဖိုးရှိသော လက်ဆောင်တစ်ခုဖြစ်ကြောင်း နားလည်စေသည်။ အီမာန် အလ်-ဂျာဂျဏီ (Imam Al-Jurjani) က အစ္စလာမ်သည် တမန်တော်မိုဟာမတ်မှ ယူဆောင်လာသော သတင်းစကားကို လက်ခံရန် ဆင်ခြင်တုံတရားရှိသော လူတို့အား တောင်းဆိုသည့် မြင့်မြတ်သော စနစ်တစ်ခုဖြစ်ကြောင်း သူ၏ စာအုပ် At-taesrifat တွင် ရေးသားတင်ပြထားသည်။

ယုံကြည်ခြင်းနှင့် ဆင်ခြင်တုံတရားရှိသောသူများအနေဖြင့် ရှရီအဟ် (Shari’ah) ဟု အများသိကြသော အစ္စလာမ့် အုပ်ချုပ်မှုစီရင်ထုံးများနှင့်အညီ ကျွန်ုပ်တို့၏

အတွေးအခေါ်များနှင့် လူနေမှုပုံစံများကို ချိန်ညှိရန်မှာ ကျွန်ုပ်တို့၏ တာဝန်တစ်ရပ်လည်းဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ ရှာဖွေလေ့လာထားသော စစ်မှန်သည့် အသိပညာ၊ အားကောင်းသော ယုံကြည်မှုဖြင့် ဖြောင့်မတ်သော အမှန်တရားနှင့် မှားယွင်းသောအလေ့အကျင့်များကို သေချာပိုင်းခြားနိုင်ကြမည်ဖြစ်သည်။

ယုံကြည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်မှုများသည် ခုန်နေသော နှလုံးသားနှင့်  လှုပ်ရှားနေသော ခန္ဓာကိုယ်ပမာ ခွဲခြား၍မရနိုင်ပါ။ သို့ဖြစ်ရာ ရှရီအဟ် (Shari’ah) သည် ဤမြေကမ္ဘာပေါ်တွင် ရှင်သန်လှုပ်ရှားသွားလာနေသော ကျွန်ုပ်တို့၏ဘဝများကို လမ်းညွှန်ပေးသည်သာမက ဘဝလက်စွဲစာအုပ်သဖွယ်လည်း ဖြစ်ပါသည်။

ရှရီအဟ် (Shari’ah) ကို လေ့လာပါက မြင့်မြတ်သော တန်ဖိုးများသည့် လှပသော အစ္စလာမ့် သင်ကြားချက်များကို ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။ တန်ဖိုးအချို့ကို သိရှိနားလည် တန်ဖိုးထားနိုင်ရန် အလို့ငှါ တင်ပြလိုပါသည်။

ပထမတန်ဖိုး - လူသားထုအတွက် သက်တောင့်သက်သာရှိစေမှု

ရှရီအဟ် (Shari’ah) ကို လူသားထု သက်တောင့်သက်သာဖြစ်စေရန် အတွက် ချပေးခဲ့ခြင်းဖြစ်သည်။ အမှန်ပင် တမန်တော်မိုဟာမတ်၏ နောက်လိုက်များအတွက် ရှရီအဟ်ကို ထုတ်ဖော်ပေးခဲ့ပြီး တဖြည်းဖြည်းဖြင့် တိုးတက်လာခဲ့သည်။

အစ္စလာမ်ဘာသာသည် အခက်အခဲတိုင်းအတွက် လွယ်ကူစေမည့် နည်းလမ်းတစ်ခုရှိသည်ဟူသော ယုံကြည်ချက် သတင်းကောင်းကို အမြဲပါးပါသည်။ ဥပမာအားဖြင့်၊ ဝတ်ပြုဆုတောင်းနေစဉ်အတွင်း မတ်တပ်ရပ်ဝတ်ပြုရမည်ဖြစ်သော်လည်း ကိုယ်ခန္တာမကျန်းမာ အားအင်နည်းသူများ၊ သက်ကြီးရွယ်အိုများအား ထိုင်၍ဝတ်ပြုင်ခွင့် ပြုထားသည်။ ဤဖြေရှင်းချက်သည် အလ္လာဟ့် အဖန်ဆင်းခံများအား အတင်းအကြပ် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သူတို့၏ ဘာသာရေးတာဝန်များကို အတတ်နိုင်ဆုံး၊ အကောင်းမွန်ဆုံး ထမ်းဆောင်ရန် ကူညီပေးသည်။  လူသားများ၏ အရည်အချင်းများကို ထည့်သွင်းစဉ်းစားခွင့်ပြုထားမှုသည် ရှရီအဟ်၏ အလှများထဲမှ တစ်ခုဖြစ်သည်။ တမန်တော်မြတ် မိန့်မှာပြောကြားခဲ့သည်မှာ - “တကယ်ပင် (အစ္စလာမ်) သာသနာသည် လိုက်နာရန် လွယ်ကူပါသည်။ သာသာနာကို (လိုက်နာရန်) အလွန်အကျူး ဖြစ်စေသူများမှအပ ထိုသာသနာသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်မဟုတ်ပါ။” (အီမာန် ဘူခါရီမှ ဆင့်ပြန်ထားသည်။)

အစ္စလာမ်သည် ရိုးရှင်းလွယ်ကူပါသည်။ ကျွန်ုပ်တို့၏ ရှုပ်ထွေးစေသော အပြုအမူများသည် အခြားသူများ အစ္စလာမ်ကို ရှောင်ဖယ်သွားရသည့် အကြောင်းရင်း မဖြစ်ပါစေရန် အရေးကြီးပါသည်။ ပို၍ဆိုးရွားစေသည်မှာ ကျွန်တော်တို့ရဲ့ ဘာသာရေး အသိပညာ ဗဟုသုတ နည်းပါးမှုများကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကျွန်ုပ်တို့၏ဘာသာတရားကို ကျင့်ကြံလိုက်နာရာတွင် ရိုးရှင်းခြင်းဆိုသည်မှာ ပညာရှင်များမှ သတ်မှတ်လက်ခံထားသော နည်းနာနိသယကို လျစ်လျူရှုသည်အထိ ပေါ့ပေါ့တန်တန်ကျင့်မူ၍ ဘာသာတရားကို နိမ့်ကျစေသည့် အပြုအမူဟု မဆိုလိုပါ။ သို့ဖြစ်ရာ အစ္စလာမ့်ဥပဒေ၏ အခြေခံမူများကို အလေးအနက်ထားကာ အသိပညာဗဟုသုတ ကြွယ်ဝစွာဖြင့် နားလည်နိုင်ရန် အရေးကြီးပါသည်။

ဒုတိယတန်ဖိုး - တရားမျှတမှု

ရှရီအဟ်သည် အခြားသူများနှင့် ဆက်ဆံရာတွင် ဘက်မလိုက်သော တရားမျှတမှုကို အလေးပေးဖော်ပြသည်။ ကျွန်ုပ်တို့၏ ဘာသာရေးစီရင်ထုံးများကို အကောင်အထည်ဖော်သည့်အခါတွင် မည်သည့်အကြောင်းကြောင့်နှင့်မျှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖိနှိပ်ချုပ်ချယ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ထိခိုက်နာကျင်စေမှု မဖြစ်စေရပါ။ သို့ပါသော်လည်း  ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းအတွင်း တစ်ချို့သည် သူတို့၏အကျိုးစီးပွါး တိုးပွါးစေရေးအတွက် အမွေဆက်ခံခြင်းဥပဒေ (fara'id) ကို အလွဲသုံးစားလုပ်ပြီး အမြတ်ထုတ်သူများလည်း ရှိပါသည်။ အလားတူပင် အမွေဆက်ခံခြင်းဥပဒေကို မျက်ကွယ်ပြုကာအမွေဆက်ခံသူအချို့၏ ကောင်းကျိုးချမ်းသာကို လျစ်လျူရှုသူများလည်း ရှိပါသည်။

ကိုယ်ကျိုးစီးပွားအတွက် ဘာသာရေးကို အသုံးချသော လုပ်ရပ်သည် ဖိနှိပ်မှုပုံစံတစ်ခုဖြစ်သည်သာမက အစ္စလာမ်၏ အလေးထားသော တရားမျှတမှုတန်ဖိုးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

တတိယတန်ဖိုး - (အလုံးစုံ လွှမ်းခြုံသော) ပြီးပြည့်စုံမှု

ရှရီအဟ်သည် အလုံးစုံ ပြီးပြည့်စုံခြင်းကို ဖော်ဆောင်သည်။  ရှရီအဟ်သည် ယုံကြည်ချက်၊ ကျင့်ဝတ်ဆိုင်ရာ၊ ဥပဒေရေးရာများနှင့် နေ့စဉ်ဘဝ၏ ရှုထောင့်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဖြစ်ရာ အလွန်ပင် ပြည့်စုံမှုရှိသည်။ ဟာဂျ် (Hajj) နှင့် ဇကသ် (Zakat) မှန်ပြောင်းမှတစ်ဆင့် ရှရီအဟ်၏ လှပတင့်တယ်မှုကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ကြသည်။ ထိုအရာနှစ်ခုစလုံးသည် ဝိညာဉ်ဆိုင်ရာ မြင့်မားမှု၊ လူမှုရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများကို လွှမ်းခြုံထားသည့် ဝတ်ပြုကိုးကွယ်မှုပုံစံလည်းဖြစ်သည်။ ဟာဂျ် (Hajj) နှင့် ဇကသ် (Zakat) ကဲ့သို့သော ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းဖြင့် မွတ်စလင်တစ်ဦးသည် သူ၏ ဝတ်ပြုရေးတွင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာနှင့် ခွင့်လွှတ်မှုကို ရှာဖွေနိုင်သည်သာမက လူသားမျိုးနွယ်အကြား စည်းလုံးညီညွတ်မှုနှင့် ညီရင်းအစ်ကိုပမာ ချစ်ခင်ကြင်နာမှုကို မွေးမြူရန် အခွင့်အရေးလည်း ဖြစ်သည်။ လူမှုစီးပွား၊ သုခချမ်းသာနှင့် လူမှုအသိုက်အမြုံ၏ ဘာသာရေးဘဝ မြှင့်တင်ရေးကိုလည်း အတူတကွ ပံ့ပိုးကူညီရာရောက်သည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးအား ဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အောင်မြင်မှုရရှိရေးအတွက် ကျွန်ုပ်တို့၏ဘာသာတရားအား နားလည်သဘောပေါက်ရန် လမ်းညွှန်မှု ပေးသနားတော်မူပါ။ အလ္လာဟ်အရှင်မြတ် ညွှန်းကြားပြသသော လမ်းကြောင်းမှန်ပေါ်တွင် ဖြောင့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်သောသူများအတွင်း အပါအဝင် ဖြစ်ပါရစေ။ 🤲🏻🤲🏻🤲🏻

Jummah Mubarak

Have a happy Friday

ပျော်ရွင်ဖွယ် သောကြာနေ့ဖြစ်ပါစေ

3rd Jummah of 2024 (19/01/2024)

ယနေ့အတွက် MUIS ခွသ်သဗာဟ်ခေါင်းစဉ်မှာ “Appreciating the Objectives of Islamic Law (Shari’ah)”ဖြစ်သောကြောင့် “အစ္စလာမ့်ဥပဒေ (ရှရီအဟ်) ၏ ရည်ရွယ်ချက်များကို နားလည်တန်ဖိုးထားခြင်း။” ဟု နားလည်မိပါသည်။

သောကြာခွသ်သဗာဟ်အစတွင် အလ္လာဟ်အရှင်မြတ် မိန့်မှာထားသော ကောင်းမွန်သော အပြုအမူ၊ အကျင့်အကြံများကို ကျင့်ကြံကြိုးပမ်းလျက် တားမြစ်ထားသည်များမှ ဝေးစွာရှောင်ကျဥ်ကြပြီး သက္ကဝါဟုခေါ်သော အလ္လာဟ်(ရှိခြင်းကို)သိစိတ်၊  အလ္လာဟ်ချစ်စိတ် တိုးပွားစေရေး အဆက်မပျက် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဘာသာတရားအား ရှင်းလင်းစွာနားလည်သဘောပေါက်ပြီး ဤကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ရဂျပ်လတွင် ကျွန်ုပ်တို့၏ကျင့်ကြံမှု ဟူသမျှကို လက်ခံပါရန် တောင်းခံအပ်ပါသည်။

ပြီးခဲ့သောအပတ်များတွင် အပတ်စဉ်တိုင်းလိုလို ကျွန်ုပ်တို့သည် အသိပညာ၏ အရေးပါမှုကို တင်ပြခဲ့သည်။ အသိပညာသည်ပင် ကျွန်ုပ်တို့အား အစ္စလာမ်နှင့် ပိုမို ရင်းနှီးနားလည်လာစေသည်။ အသိပညာသည်ပင် ကျွန်ုပ်တို့အား အစ္စလာမ့်သွန်သင်ချက်များနှင့် ဥပဒေသများ၏ အလှတရားကို နားလည်တန်ဖိုးထားတတ်လာစေသည်။ ထိုအသိပညာအားဖြင့် ရှရီအဟ် (Shari’ah) ဟု အများသိသော ကျွန်ုပ်တို့၏ ဘာသာရေးဥပဒေများတွင် အလေးပေးထားသော ရှင်းလင်းပြတ်သားသည့် ရည်ရွယ်ချက်များကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ထိုအသိပညာအားဖြင့် ရှရီအဟ်သည် လူသားတို့၏ သုခချမ်းသာကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း သတိပြုလာပေမည်။ ကျမ်းတော်မြတ်ကိုရ်အာန် (၅:၆) ခဲဘွယ်ဘောဇဉ်ကဏ္ဍတွင် အလ္လာဟ်အရှင်မြတ်မှ ပြောကြားထားသည်မှာ -

5|6| အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန် ရည်ရွယ်တော်မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အား သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန်နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့်အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်တန်ကြရာလေသတည်း။

(-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့)

ရှရီအဟ်သည် လူသားတို့အတွက် သုခချမ်းသာကို ဦးစားပေးကြောင်း အထက်ပါအာယတ်တော်မှ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ထဲထဲဝင်ဝင် တွေးတောဆင်ခြင်ခြင်းဖြင့် ကျမ်းတော်မြတ်ကိုရ်အာန်နှင့် တမန်တော်မြတ်မိန့်မှာခဲ့သော ဟဒီစ်းတော်များတွင် ပါရှိသော တရားဒေသနာများကို နားလည်သဘောပေါက်ပါက အာယတ်တော်များ သို့မဟုတ် ဟဒီစ်းတော်များ၏ နောက်ကွယ်မှ ဉာဏ်ပညာကို အသေအချာ သဘောပေါက် နားလည်နိုင်မည်ဖြစ်သည်။ အစ္စလာမ်ဘာသာတွင် ဝိုင်အရက်သေစာ သောက်သုံးခြင်းနှင့် လောင်းကစားပြုခြင်းကို တားမြစ်ရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကို ဆင်ခြင်ကြပါစို့။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကိုရ်အာန် (၅:၉၁) ခဲဘွယ်ဘောဇဉ်ကဏ္ဍတွင်ပင် ပြောကြားထားသည်မှာ -

5|91| မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။

(-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့)

ရှရီအဟ်သည် ဝိုင်အရက်သေစာ သောက်သုံးခြင်းနှင့် လောင်းကစားခြင်းကို တားမြစ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သုခချမ်းသာကို အကာအကွယ်ပေးရန်နှင့် ထိန်းသိမ်းပေးရန် ရည်ရွယ်သည်ကို သတိပြုမိရန် လိုအပ်သည်။ ရှရီအဟ်သည်ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာဆိုင်ရာများ အပေါ်တွင် ကန့်သတ်ထားခြင်းမရှိပါ။ အမှန်တကယ်တွင် အခြားသူများနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကောင်းမွန်စေခြင်းအပါအဝင် လူ့ဘဝ ရှုထောင့်အမျိုးမျိုး၏ အရေးပါမှုကို အလေးပေးဖော်ပြသည်။

ဤသည်ပင် ရှရီအဟ်၏ အလှတရားကို ထင်ဟပ်စေသည်။ ရှရီအဟ်သည် လူသားများ၏ အကျိုးစီးပွားကို တိုးတက်မြင့်မားရေးအတွက် ဖြစ်သည်။ ရှာဖီအီ (Shafi'i) ကျောင်းမှ ပညာရှင်တစ်ယောက်ဖြစ်သော အီမာန် အလ်-ဂျူဝိုင်နီ (Imam Al-Juwayni) ရေးသားထားသော စာအုပ် (Al-Burhan) တွင် အီမာန်ရှာဖီအီ၏ စကားများကို တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ လူမှုသုခချမ်းသာ ရရှိရေး၏ အရေးပါမှုနှင့် ပတ်သက်၍ ကိုးကားဖော်ပြခဲ့သည်။ ကျမ်းတော်မြတ်ကိုရ်အာန်နှင့် တမန်တော်မြတ်၏ စွန္နဟ်တော်များတွင် သီးခြားစီရင်ချက်ကို မတွေ့ရှိပါက ရှရီအဟ်၌ အခြားသော တရာရေးရာကို မစဉ်းစားမီ အများပြည်သူ၏ ချမ်းသာသုခဆိုင်ရာ အကျိုးစီးပွါးအတွက် ထည့်သွင်းစဉ်းစားသင့်သည်ဟု အီမာန်ရှာဖီအီမှ ရှင်းပြထားသည်။

ဥပမာအားဖြင့် ရမားမားတိုက်ပွဲ (Battle of Yamama) အတွင်း ကျမ်းတော်မြတ်ကိုရ်အာန်ကို နှုတ်တိုက်အာဂုံဆောင်ထားသော နောက်လိုက် အပေါင်းအဖော်များစွာ ကျဆုံးမှု ဖြစ်ပွါးခဲ့သည်။ ထိုဆုံးရှုံးမှုအတွက် အိုမာရ် အလ်-ခသ္သဗ် (Umar al-Khattab) မှ ခလီဖာ အဘူ ဘကာ အစ်-ဆဒ္ဒီခ် (Caliph Abu Bakar as-Siddiq) အား ကျမ်းတော်မြတ်ကိုရ်အာန်လာ အာယတ်တော်များကို ရေးသားထားသောစာအုပ်အဖြစ် စုစည်းရန် အကြံပြုခဲ့သည်။ ဤအကြံပြုချက်သည် ကိုရ်အာန်ကျမ်းလာ အကြောင်းအရာများကို အတိမ်းအစောင်းမရှိ ထိန်းသိမ်းထားကြောင်း သေချာစေရန် ရည်ရွယ်ရင်းဖြစ်ပြီး အကယ်၍ အလွတ်ကျက်၊ နှုတ်တိုက်အာဂုံဆောင်ထားသူများ သေဆုံးမှုများကြောင့် ဖြစ်နိုင်ခြေရှိသော ဆုံးရှုံးမှုများကို ကာကွယ်ရန် ရည်ရွယ်ပါသည်။

အစပိုင်းတွင် အဘူ ဘကာ (Abu Bakar) သည် တမန်တော်မြတ် သူ၏သက်တမ်းတစ်လျှောက် မပြုစုခဲ့သည့်အပေါ်  ဤအကြံပြုချက်ကို သဘောတူလုပ်ဆောင်ရန် ချီတုံချတုံဖြစ်ခဲ့သည်။ အကျေအလည် ဆွေးနွေးမှုများပြုပြီးနောက်တွင် သူသည် အနာဂတ်မွတ်စလင်မျိုးဆက်များ၏ ရေရှည်အကျိုးကို ရှေးရှုပြီး အကြံပြုချက်ကို နောက်ဆုံးတွင် သဘောတူခဲ့သည်။

အစောပိုင်းက မျှဝေထားသည့်အတိုင်းပင် ကျမ်းတော်မြတ်ကိုရ်အာန်၏ စုစည်းမှုသမိုင်းမှတဆင့် ကျွန်ုပ်တို့ အတူတကွ ဆင်ခြင်သုံးသပ် မှတ်သားနာယူရန် သင်ခန်းစာများစွာရှိပါသည်။

ပထမသင်ခန်းစာ - ဥပဒေ သို့မဟုတ် စီရင်ချက်တစ်ခု၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို နားလည်ရန် အရေးကြီးကြောင်း သဘောပေါက်စေပါသည်။ ဥပဒေတိုင်းသည် လူသားများ၏ အကျိုးစီးပွားနှင့် သုခချမ်းသာကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ ထိုအထဲတွင် ကျွန်ုပ်တို့၏အသက်တာကို ထိခိုက်စေနိုင်သောအန္တရာယ် သို့မဟုတ် အခက်အခဲတစ်ခုခု ကိရောက်ပါက ကျွန်ုပ်တို့ကို ကာကွယ်ပေးရန်လည်း အပါအဝင်ဖြစ်သည်။

ဒုတိယသင်ခန်းစာ - တိကျသောစီရင်ချက်တစ်ခု၏နောက်ကွယ်တွင် ကျိုးကြောင်းဆင်ခြင်မှုကို ရှင်းပြသောအခါ ပညာရှင်များ၏ ထင်မြင်ယူဆချက်များကို တန်ဖိုးထားလေးမြတ်ခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြထားသည်။ ပညာရှင်များမှ ထုတ်ပြန်သော တရားရေးဆိုင်ရာများသည် ရှင်းလင်းပြတ်သားသော ဘာသာရေးဆိုင်ရာ အကြောင်းပြချက်များအပေါ်တွင် အခြေခံသည်။ အဆုံးစွန်သော ရည်မှန်းချက်မှာ လူသားတို့၏ သုခချမ်းသာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် လူသားတို့၏ဘဝတွင် ထိခိုက်နစ်နာမှု သို့မဟုတ် အခက်အခဲများ ကြုံတွေ့လာရပါက အကာအကွယ်ပေးရန်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးအား ဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အောင်မြင်မှုရရှိရေးအတွက် ကျွန်ုပ်တို့ လိုက်နာကျင့်သုံးနေသော ဘာသာတရားအပေါ်တွင် နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့အားလုံးကို ဉာဏ်ပညာ ပေးသနားတော်မူပါ။ အလ္လာဟ်အရှင်မြတ် ညွှန်းကြားပြသသော လမ်းကြောင်းမှန်ပေါ်တွင် ဖြောင့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်သောသူများအတွင်း အပါအဝင် ဖြစ်ပါရစေ။ 🤲🏻🤲🏻🤲🏻

Jummah Mubarak

Have a happy Friday

ပျော်ရွင်ဖွယ် သောကြာနေ့ဖြစ်ပါစေ

4th Jummah of 2024 (26/01/2024)

ယနေ့အတွက် MUIS ခွသ်သဗာဟ်ခေါင်းစဉ်မှာ “Fiqh (Islamic Jurisprudence): The Mechanism to Understand the Islamic Law (Shari’ah)”ဖြစ်သောကြောင့် “ဖိက်ဟ် (အစ္စလာမ့်ဥပဒေပညာ): အစ္စလာမ့်ဥပဒေ (ရှရီအဟ်)ကို ပိုမိုနားလည်စေမည့် ယန္တရား အစိတ်အပိုင်း။” ဟု နားလည်မိပါသည်။

သောကြာခွသ်သဗာဟ်အစတွင် အလ္လာဟ်အရှင်မြတ် မိန့်မှာထားသော ကောင်းမွန်သော အပြုအမူ၊ အကျင့်အကြံများကို ကျင့်ကြံကြိုးပမ်းလျက် တားမြစ်ထားသည်များမှ ဝေးစွာရှောင်ကျဥ်ကြပြီး သက္ကဝါဟုခေါ်သော အလ္လာဟ်(ရှိခြင်းကို)သိစိတ်၊  အလ္လာဟ်ချစ်စိတ် တိုးပွားစေရေး အဆက်မပျက် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းထားပါသည်။ ဤဒွန္နယာလောက၌ ကျွန်ုပ်တို့ရှင်သန်နေသော နေ့ရက်တိုင်းတွင် စစ်မှန်သော ဘာသာရေးအသိပညာ၊ မှန်ကန်သော လမ်းညွှန်မှုရရှိရန် ကျွန်ုပ်တို့အား ဉာဏ်ပညာအားဖြင့် ကောင်းချီးပေးပါရန် အလ္လာဟ်အရှင်မြတ်ထံပါးတွင် တောင်းခံအပ်ပါသည်။

တမန်တော်မြတ်သည် မူအဒ်ဇ် ဘင် ဂျဘလ် (Mu'adz Bin Jabal) အား ယီမင်နိုင်ငံသို့ မစေလွှတ်မီ မူအဒ်ဇ်အား မေးမြန်းသည်မှာ “(အရင်က မတွေ့ကြုံဘူးသော) အခြေအနေသစ်များနှင့် ရင်ဆိုင်ရပါက မွတ်စလင်များအား မည်သို့မည်ပုံ လမ်းပြမည်နည်း။ ထိုဒေသတွင် ကိုရ်အာန်နှင့် စွန္နသ်တို့မှ လမ်းညွှန်မှု မရရှိနိုင်ပါ” မူအဒ်ဇ်မှ ပြန်လည်ဖြေကြားသည်မှာ “ကျွန်ုပ်သည် မိမိ ထင်မြင်ယူဆချက် (အသစ်)တစ်ခု ဖန်တီးရန် အားစိုက်ထုတ်မည် မဟုတ်ပါ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်နှင့် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ စွန္နသ်တော်တွင်ပါရှိသော ယေဘူယျအခြေခံမူများမှ သွေဖည်ခြင်းမရှိသော (အခြေခံသော) ကျွန်ုပ်၏အမြင်နှင့် လမ်းညွှန်ပေးမည်ဖြစ်သည်။” ထို့နောက် တမန်တော်မြတ်မှ ပြန်လည်ပြောကြားသည်မှာ -

“ချီးကျူးထောပနာခြင်းဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်သည်။ ထိုအရှင်မြတ်သည် သူ၏ရစူလ်တမန်တော်၏ သတင်းစကား သယ်ဆောင်သူအား ရစူလ်တမန်တော် နှစ်သက်တော်မူသည့်အရာဖြင့် လမ်းညွှန်ပေးတော်မူလေသည်။” (အီမာန် သရ်မီးဇီ မှ တဆင့်ပြန်လည် ပြောကြားထားသည်။)

အထက်ပါ ဟဒီစ်းတော်မှာ မည်သည့်သင်ခန်းစာကို ရရှိပါသနည်း။ တမန်တော်မြတ်အပေါင်းအဖော်များ၏ ဉာဏ်ပညာအဆင့်အတန်း မြင့်မားမှုကို ပြသနေပါသည်။ သူတို့သည် အဂျ်သေဟဒ် (ijtihad) ဟုခေါ်သော တရားဥပဒေစီရင်ထုံးများ စိုးမိုးရေး မောင်းနှင်ရာအခန်းကဏ္ဍ သို့မဟုတ် ဥပဒေရေးရာကိစ္စရပ်များအပေါ်  ထင်မြင်ယူဆချက်ပေးနိုင်သည့် အတိုင်းအတာအထိ ပညာရည် မြင့်မားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘာသာတရားကို လေးနက်စွာ နားလည်ထားသောကြောင့် ဖြစ်သည်။ ထိုဖြစ်စဉ်မှတဆင့် တမန်တော့်နောက်လိုက်များသည် သူတို့၏ နေ့စဉ်ဘဝတွင် ဘာသာရေးဥပဒေကို မည်သို့မည်ပုံ ကျင့်သုံးသည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားကြောင်းကို သိရှိစေသည်။

ဖိက်ဟ် (သို့) အစ္စလာမ့်တရားစီရင်ရေးဥပဒေသည် လူ့ဘဝ၏ ရှုထောင့်အမျိုးစုံကို စိုးမိုးထားသည့် ဥပဒေရေးရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးသည့် အစ္စလာမ့် သိပ္ပံပညာအတွင်း နည်းလမ်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ တကိုယ်ရည်ဘဝ၊ ကျွန်ုပ်တို့၏ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ်တွင် အကျိုးသက်ရောက်မှု၊ လွှမ်းခြုံမှု ရှိသည်။

အီမာန် မာလိက် (Imam Malik)၊ အီမာန် ရှဖီအီ (Imam Shafi'i) နှင့် အခြားသော ဘာသာရေးဆိုင်ရာ ပညာရှင်များသည် တရားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် ချဉ်းကပ်မှုများနှင့် နည်းစနစ်များကို ရေးဆွဲခဲ့ကြသည်။ ဥပမာအားဖြင့် မဇ်ဟဘ် (ဥပဒေကျောင်း) တစ်ခုသည် ဥပဒေဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအတွက် အခြေခံအဖြစ် မဒီနာမြို့ရှိ အစောပိုင်းမွတ်စလင်များ၏ ကျင့်ထုံးများကို ရည်ညွှန်းသည်။ အခြားမဇ်ဟဘ်တစ်ခုသည် ရရှိနိုင်သော အထောက်အထားများ၏ ခိုင်ခံ့မှုအပေါ် အခြေခံ၍ မဖြစ်မနေပြုရမည့် တာဝန်ဝတ္တရား ဖာဒ် (fard) နှင့် ပြုလုပ်ရမည့် တာဝန်ဝတ္တရားများ ဝါဂျီဘ် (wajib) တို့ကို ပိုင်းခြားသည်။ ကောက်ချက်ချနိုင်သည်မှာ ပညာရှင်များထုတ်ပြန်သော လမ်းညွှန်ချက်များနှင့် စီရင်ထုံးများသည် ရှရီအဟ်ကို နားလည်ရန် ကျယ်ပြန့်သော လေ့လာမှုများ၊ သုတေသနပြုမှုများနှင့် ချဉ်းကပ်မှုများအပေါ်  အခြေခံထားခြင်းဖြစ်သည်။

အစ္စလာမ့်တရားစီရင်ရေးနယ်ပယ်သည် ကျွန်ုပ်တို့၏ ဘာသာရေးဥပဒေများကို ခွဲခြမ်းစိတ်ဖြာရာတွင် ရှေးယခင်က ပညာရှင်များ၏ စွမ်းရည်နှင့် ဉာဏ်ရည်ကို မီးမောင်းထိုးပြထားပါသည်။ တခါတရံတွင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှု၏ ရှုပ်ထွေးမှုများကြောင့် တူညီသောအကြောင်းအရာနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့မှုများလည်း ရှိသည်။ သို့ရာတွင် ထိုကွဲလွဲမှုများသည် အဓိကပြဿနာ သို့မဟုတ် ဥပဒေမူအရမဟုတ်ဘဲ နောက်ဆက်တွဲ သို့မဟုတ် ဆင့်ပွါးပြဿနာများနှင့် ဆက်စပ်နေတတ်သည်။ ဥပမာအားဖြင့် စူရဟ် အလ်-မာအိဒဟ်၊ အာယတ်တော် ၆ တွင် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော် လမ်းညွှန်ထားသည့် ဦးခေါင်းကို ပွတ်သပ်ခြင်း သို့မဟုတ် ဆေးကြောခြင်းဆိုင်ရာ စည်းမျဉ်းနှင့် ပတ်သက်၍ ပညာရှင်များအကြား ငြင်းခုံမှုများ ရှိခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကိုရ်အာန် (၅:၆) ခဲဘွယ်ဘောဇဉ်ကဏ္ဍတွင်ပင် ပြောကြားထားသည်မှာ -

5|6|အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ …

၎င်းပြင် အသင်တို့သည် ဦးခေါင်းများကို ပွတ်သပ်ကြပါ။ …

(-- ဆရာ ဟာရှင်မ်​(ခ)တင်မြင့်)

အချို့သော ပညာရှင်တို့သည် အထက်ပါ အာယတ်တော်တွင် "အလ်-မတ်ရှ်” ဟူသော စကားလုံးကို ဦးခေါင်း၏ အစိတ်အပိုင်းကို ပွတ်သပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ဥပမာအားဖြင့် ဟနဖီ မဇ်ဟဘ် (Hanafi mazhab) သည် ဦးခေါင်း၏ လေးပုံတစ်ပုံကို ပွတ်သပ်ရန် လိုအပ်သည်ဟု ယူဆသည်။အခြားသော အချို့ပညာရှင်တို့က ဦးခေါင်းတစ်ခုလုံးကို ဆေးကြောသင့်သည်ဟု ယုံကြည်ကြသည်။

ဤထင်မြင်ယူဆချက် တစ်ခုစီသည် တရားဝင်နည်းလမ်းများမှ ဆင်းသက်လာသော ငြင်းခုံမှုများနှင့် အခြေခံမူများအပေါ် အခြေခံထားသည်။ ထို့ကြောင့် ဤထင်မြင်ယူဆချက်များကို အသိပညာမှန်ဘီလူးဖြင့်သာ ကြည့်ရှုသင့်သည်။ ဆွေးနွေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ပညာရှင်များ၏ အမျိုးမျိုးသော အမြင်များကို နားလည်သဘောပေါက်ကာ အသိအမှတ်ပြုနိုင်မည်ဟု မျှော်လင့်ပါသည်။ လူသားများအကြား သဘောထားကွဲလွဲမှုများသည် ဘဝ၏ သဘာဝရှုထောင့်တစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကိုရ်အာန် (၁၁:၁၁၈) တမန်တော်ဟူဒ်က်ကဏ္ဍတွင် မိန့်မှာထားသည်မှာ -

11|118| အမှန်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူခပ်သိမ်းတို့အား သာသနာဝင် တစ်ခုတည်းသော လူစုသာ ပြုလုပ်တော်မူခဲ့အံ့။ သို့ရာတွင် ၎င်းတို့သည် သဘောကွဲလွဲသူများအဖြစ် အမြဲထာဝစဉ် ရှိနေကြမည်သာတည်း။

(-- သီရိပျံချီ ဃာဇီမိုဟာမက်ဟာရှင်မ် နှင့်အဖွဲ့)

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးအားဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အောင်မြင်မှုရရှိရေးအတွက် ကျွန်ုပ်တို့ လိုက်နာကျင့်သုံးနေသော ဘာသာတရားအပေါ်တွင် နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့အားလုံးကို ဉာဏ်ပညာ ပေးသနားတော်မူပါ။ အလ္လာဟ်အရှင်မြတ် ညွှန်းကြားပြသသော လမ်းကြောင်းမှန်ပေါ်တွင် ဖြောင့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်သောသူများအတွင်း အပါအဝင် ဖြစ်ပါရစေ။ 🤲🏻🤲🏻🤲🏻

Jummah Mubarak

Have a happy Friday

ပျော်ရွင်ဖွယ် သောကြာနေ့ဖြစ်ပါစေ