The Wall of Gratitude by Zin Wai Htun

၂၀၂၀ တစ်နှစ်လုံးအတွက် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ခြင်း။
အခုဆိုရင် ၂၀၂၀ နှစ်ဟောင်းကိုကုန်ဆုံးပြီး နှစ်သစ်ကိုမကြာခင်ကူးပြောင်းတော့မှာဖြစ်ပါတယ်။ နှစ်သစ်ကိုမကူးပြောင်းခင် ယခုနှစ် ၂၀၂၀ တစ်နှစ်လုံးမှာ ကျွန်တော့အတွက် ကျေးဇူးတင်ထိုက်သူများကို အထူးအလေးထားပြီး ကျေးဇူးတင်စကားဆိုချင်ပါတယ်။ ၂၀၂၀နှစ်အစမှာပဲ ကျွန်တော်ဟာ ရူပဗေဒအထူးပြုဖြင့် မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ပထမဦးဆုံးကျေးဇူးတင်ခြင်တာကတော့ ကျွန်တော့ကို အတန်းပညာတစ်နေရာထိရောက်ရှိအောင် အဘက်ဘက်မှ ပံ့ပိုးကူညီအားပေးခဲ့တဲ့ မိဘနှစ်ပါးအပြင် သက်ဆိုင်ရာဆရာကြီး၊ဆရာမကြီးများကိုကျေးဇူးတင်ပါတယ်။ ဒုတိယအနေနဲ့ Covid-19 Pandemicကာလမှာ သင်ယူမှုများရပ်တန့်မသွားစေရေးအတွက် အထူးသဖြင့် Remote Learningကို ပထမဆုံးသင်ကြားပေးပြီး၊ နည်းပညာများနဲ့ အသားကျအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့တဲ့၊ ထပ်လောင်းပြောရရင် ဆောင်ရွက်ပေးနေဆဲဖြစ်တဲ့ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်နှင့်အတူ Remote Teaching Methodကို ကိုယ်တိုင်စိတ်၀င်စားပြီး ပါ၀င်ခဲ့ကြတဲ့ Participantsအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ တတိယအနေနဲ့ ဆိုးတူကောင်းဖက် အမြဲတမ်းစိတ်ညစ်စရာ၊ပျော်ရွှင်စရာများကို ရင်ဖွင့်တိုင်ပင်အားပေးခဲ့ကြတဲ့ အရင်းနှီးဆုံးသူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကမ္ဘာတ၀န်း Covid-19ကပ်‌ရောဂါကို အပြင်းအထန်ခံစားနေကြရပြီး၊ မြန်မာနိုင်ငံသည်လည်း ထပ်တူခံစားရတဲ့နိုင်ငံဖြစ်သည့်အလျောက် ဤကပ်ရောဂါကာလမှာ Quarantine၀င်ရသူများကို စောင့်ရှောက်ပေးသူများ၊ Positiveဖြစ်သူများကို အထူးကုသပေးနေတဲ့ ကျန်းမာရေး၀န်ကြီးဌာနမှ ဆရာ၊ဆရာများနှင့်တကွ Volunteerများအားလုံးကို နိုင်ငံသားတစ်ယောက်အနေနဲ့အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
တက္ကသိုလ်ဇင်ဝေထွန်း
(၃၀-၁၂-၂၀၂၀)

Aung Kaung Khant
၂၀၂၀ဟာ ကျွန်တော့အတွက် အဆိိုးတွေလည်းရှိခဲ့သလို အကောင်းတွေလည်းရှိခဲ့ပါတယ် ဝမ်းနည်းစရာတွေရောပျော်ရွှင်စရာတွေရော ဖြစ်ခဲ့ရပါတယ် ပထမဦးစွာ မိမိကိုယ်ကိုကျေးဇူးတင်ပါတယ် အခက်အခဲတွေကြုံလာတဲ့အခါတိုင်း မပြိုမလဲပဲ စိတ်အင်းအားဖြစ်ကူညီပေးတက်တဲ့အတွက်ဖြစ်ပါတယ် ကျွန်တော့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ ကျေးဇူးရှိတဲ့သူများကိုကျေးဇူးဆပ်ခွင့်ရချင်ပါတယ် ၂၀၂၀အစကနေ အဆုံးအထိကျေးဇူးရှိတဲ့သူတွေအားဖြစ်အများကြီးရှိပါတယ် ဒါကြောင့်ကျေးဇူးတင်ထိုက်တဲ့သူများကို ရင်ထဲမှလိုက်လှဲစွာကျေးဇူးတင်ကြောင်းပြောခြင်ပါတယ် ကျေးဇူးရှင်များအားလုံးလဲ နှစ်သစ်မှာစိတ်သစ်လူသစ်ဘဝအသစ်နဲ့ ကံကောင်းခြင်းတွေရရှိကြပြီး covid19ကပ်ရောဂါကြီးမှလည်း ကင်းလွတ်ပြီးစိတ်ချမ်းသာကိုယ်ကျမ်းမာကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

Shan Wai Yan
ပထမဆုံးကျေးဇူးတင်ချင်တာ ဒီနှစ်အတွက်ဆိုရင် ကျွန်တော့ကိုယ်ကျွန်တော်ပါပဲ။ လူကြီးနည်းနည်းဖြစ်လာတာနဲ့အမျှ ပြဿနာတေဠကပိုများလာတယ်၊ ဖြစ်လာသမျှပြဿနာတိုင်းကို အခုထိမပြိုလဲပဲ ရပ်တည်နေနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရရော သန်မာပေးခဲ့တယ်။ ပြီးတော့အခုချိန်ထိ လူကောင်းတစ်ယောက်ဖြစ်နေပေးတဲ့အတွက် အစစအရာရာ ကိုယ့်ကိုယ်ကိုကျေးဇူးတင်တယ်။ ပြီးတော့သူငယ်ချင်းတွေ အခုချိန်ထိကျွန်တော့ဘေးမှာရှိနေပေးကြတယ်။ မိသားစုရော သူငယ်ချင်းတွေရော အားလုံးကိုကျေးဇူးတင်တယ်။ ၂၀၂၁မှာ ပိုပြီးအကျိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ့မယ်၊ ၂၀၂၁ဟာ အားလုံးအတွက် ပျော်စရာကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါစေ။ ကျွန်တော်မှားမှားမှန်မှန် "မင်းဘက်မှာငါတို့ရှိတယ်"ဆိုတဲ့ စကားအတိုင်း ဘယ်အချိန်လှည့်ကြည့်ကြည့် ကျွန်တော့နောက်မှာရှိပေးကြလို့ ကျေးဇူးတင်ပါတယ်။ ၂၀၂၁မှာတော့ ကျွန်တော်အစစအရာရာပိုပျော်ရွှင်ချင်တယ်၊ အရင်လိုစိတ်ပါလက်ပါနဲ့ရယ်မောချင်တယ်။

Ye Yint Kyaw Swar

Hein Yar Zar Aung ( Geology Student)
၂၀၂၀ တစ်နှစ်တာလုံးအတွက် ကျေးဇူးတင်ထိုက်သူများအားကျေးဇူးတင်ခြင်း

ပထမဦးဆုံးကျေးဇူးတချင်တာကတော့ လူ့လောကထဲမှာ မွေးကတည်းက ယခုချိန်ထိ သွန်သင်ဆုံးမ လမ်းမှန်းပြပေးနေတဲ့ မေမေ့ကို ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ နောက်ပီး  အလုပ်ပင်ပင်ပန်းပန်း မလုပ်ရအောင်  ကျွန်တော့်ရဲ့ခေါင်းထဲကို  အသိပညာ အတတ်ပညာတွေ  မဝင်မချင်း ရိုက်ထည့်ပေးလိုက်တဲ့ ဆရာ ဆရာမများအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ၂၀၂၀မှာ ကျွန်uni ကိုစရောက်ပါတယ်   uniရောက်ပြန်တော့လည်း ပြောမနာ ဆိုမနာသူငယ်ချင်းသစ်တွေထပ်တွေ့ရပြန်တာပေါ့… သူတို့ကလည်း ညီအကိုလို  ပြောစရာရှိပြော  အမှားကိုပြင်ခိုင်း အမှန်ကိုသင်ခိုင်းနဲ့  ကျွန်တော့်အပေါ်တော်တော်လေးကောင်းကြပါတယ်  သူတို့ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်။ နောက်ပီး  ဒီရောဂါကြီးဖြစ်တော့လည်း  အဆောင်ကနေ အိမ်ကိုတန်းရောက်အောင် ပို့ပေးခဲ့ကြတဲ့ ဆရာ ဆရာမများ  အကိုကြီးများ  ကျောင်းဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်။ နောက်ပီး ကျွန်တော့ကို အလုပ်လုပ်စရာမလိုအောင်ကို ရှာကျွေးနေကြတဲ့ အကိုတွေ အမတွေကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်။  ပြောရရင်တော့ မကုန်ပါဘူး။ သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံး   ကျေးဇူးတင်ထိုက်သူများအားလုံး  ဒီရောဂါဘေးကြီးမှ ကျမ်းကျမ်းမာမာနှင့် အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေလို့ ကျွန်တော်ဟိန်းရာဇာအောင်မှ ဆုတောင်းပေးလိုက်ပါတယ်။

Dr Khin Mar Ohn
ကျေးဇူးတင်ထိုက်သူများနှင့်ကျေးဇူးတရား
ဘဝအစ မိဘနှစ်ပါး၊
ပညာအစ ကျေးဇူးရှင်ဆရာသမားများ၊
ဆရာအစ သင်ဆရာ မြင်ဆရာ ကြားဆရာများ၊
စုံလင်သော လောကကြီးအလယ်မှာ အစစအရာရာ အောင်မြင်ထွန်းပေါက် နေထိုင်သွားလာရာမှာ
မိမိ သင်ယူရသလောက်မျှဝေခံစားခွင့်ကို လက်ခံကြိုးစားသင်ယူကြပြီး ကြိုးစားအားထုတ်ကြပါသော ချစ်တပည့်သားမြေးများကအစ မိမိအပေါ်  မေတ္တာထားသူ မေတ္တာမဲ့သူ မေတ္တာလက်ခံသူ မေတ္တာလက်မခံသူအပေါင်းတို့နှင့် ကျေးဇူးတင်ထိုက်သူအားလုံးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်။
မိမိ၏အမှားတစ်စုံတစ်ရာရှိခဲ့ပါလျှင်လည်း အပြစ်မမြင်ချစ်ခင်စေကြောင်းလည်းပြောပါရစေ။
၂၀၂၀ပြည့်နှစ် ကုန်ဆုံးသည်မှစ၍ ၂၀၂၁ခုနှစ်စတင်ခြင်းမှာ ဘေးဘယာဝေးကွာ အေးချမ်းသာယာကျန်းမာစေကြောင်းဆုမွန်တောင်းလျက်

Phyo Arkar
၂၀၂၀ တနှစ်တာလုံးမာ ကောင်းတာရော ဆိုးတာရော
များစွာကြုံခဲ့ရပါတယ်။ ဆိုးတာကပိုများတယ်။
ဘာပဲဖြစ်ဖြစ်၂၀၂၀ တနှစ်တာ က ဘဝကို
တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ စိန်ခေါ်မှုများစွာကို
ကြုံခဲ့ရပါတယ်။လာမယ့်နှစ်သစ်မှာပျော်ရွှင်ချင်ပါတယ်။
ကျေးဇူးရှိခဲ့တဲ့ဆရာတွေရော တပည့်တွေရော
သင်ခန်းစာတွေပညာတွေပေးခဲ့တဲ့လူတိုင်းကို
အမှတ်တရရှိနေမှာပါ။နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပါစေ

Thet Htoo San
2020 ခုနှစ်ထိ အခုလို အရွယ်ရောက်အောင် ကျွေးမွေးခဲ့ပါသော ဖေဖေနဲ့မေမေ။  အမြဲ ဆိုးတူကောင်းဖက် တူတူ ဘေးမှာ ရှိပေးခဲ့ပါသော သူငယ်ချင်းများ။ အကူအညီ ပေးခဲ့ဖူးသော မိတ်ဆွေများ ဆရာ ဆရာမများ ကျေးဇူးတင်ထိုက်သူများအားလုံံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ 🥳💛

Thant Zin Phyo
၂၀၂၀ခုနစ်ထိအခုလိုကျွေးမွေးပြုစုစောင့်ရှောင့်ပေးခဲ့သော ဖေဖေနဲ့မေမေ၊အစ်မလိုအမေလို  အလိုလိုက်ပြီးချစ်ပေးသော မမနဲ့ညီမလေး၊အကိုလိုညီလိုသူငယ်ချင်းလိုပေါင်းသောသူငယ်ချင်းအောင်မြတ်မင်း၊အားလုံးကိုကျေးဇူးတင်ပါတယ်။အရမ်းလည်းချစ်ပါတယ်။

Phyo lay(physics)
မကြာခင်မာ နှစ်ဟောင်းကုန်ဆုံး၍ိံနှစ်သစ်သို့  ကူးပြောင်းတော့မာ ဖစ်တဲ့အတွက်   နှစ်ဟောင်းမာ  ကျွန်တော်အပေါ်   ကျေးဇူးရှိတဲ့သူ အားလုံးကို ကျေးဇူးတင်စကားပြောချင်ပါတယ်   ကျွန်တော်ကို လူလောကထဲသို့ရောက်အောင် မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို  ပထမဦးစွာ အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ   ကျွန်တော့ကို  ပညာတေတက်မြှောက်အောင်  သင်ကြားပေးခဲ့သော  ပဲခူးတက္ကသိုလ်  ရူပဗေဒဌာနမှ   ပါမေက္ခဆရာမရီး အပါအဝင် ဆရာ ဆရာမ အားလုံးကိုလည်း  အထူးပင် ကျေးဇူးတင်ရှိပါတယ်  ကျေးဇူးတင်ထိုက်သူ  အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ   အားလုံးဘဲ  နှစ်သစ်မာ  ပျော်ရွှင်ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျ

Shwe Yee Lwin
2020ခုနှစ်မှာ ကျွန်မ မဟာသိပ္ပံဘွဲ့ရခဲ့ပါတယ် ဘွဲ့ရအောင်သင်ကြားပေးခဲ့ပြီး ဆိုဆုံးမပေးတဲ့ တီချယ်ကြီးနှင့်တကွဆရာ ဆရာမ‌ေတွကိုကျေးဇူးအရမ်းတင်ပါတယ်ရှင်။ ဒီနှစ်ဟာကျွန်မအတွက်တော့ ဘွဲ့ရပြီး အပြင်လောကကို ခြေဆုံပစ်ဝင်တဲ့ နှစ်တစ်နှစ်ပေါ့ ဆရာမအလုပ်မလုပ်ဘဲ အိမ်စီးပွားရေးပဲလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အပေါ် မကန့်ကွက်ပဲ ကျွန်မရဲ့ လိုအပ်ချက်မှန်သမျှဖြည့်ဆည်းပေးတဲ့ ဖေနဲ့မေကို ကျေးဇူးတင်ပါတယ်။ ကျွန်မက ဝန်ထမ်းအလုပ်ကိုမရွေးပဲ အပြင်စီးပွားရေးကို ရွေးလိုက်တဲ့အတွက် စိတ်ညစ်စရာပေါင်းစုံ ပြသာနာပေါင်းစုံနဲ့ ရင်ဆိုင်ရတဲ့အခါ ဘေးကနေ အမြဲတမ်း အကြံပေးပြီး အနီးကပ်သင်ကြားပေးတဲ့ မကြီးကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ဒီနှစ်တစ်နှစ်လုံးအတွက် ကျေးဇူးတင်ထိုက်သူအကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင်.......

Thwin Khant Nyar
2020 ခုနှစ်အတွင်း Covid အတွက် ကူညီလှုပ်ရှား​ပေး​သော ​ဆေးဝန်ထမ်းများ၊ ကြက်​ခြေနီ ​စေတနာ့လုပ်အားရှင်များ၊ ပရဟိတ အဖွဲ့အစည်းများကို အထူး​ကျေးဇူးတင်ရှိပါတယ်။

U Aung Zaw Hein
နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးတဲ့အချိန်ရောက်လာတော့မယ်ဆိုတော့ ပထမဆုံး အဖေနဲ့အမေ့ကိုကျေးဇူးတင်ေေပါတ် ဆရာသမားများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်

Khin Moe Khaine ဆန္ဒရှိရာတွေလုပ်ခွင့်ရအောင် ထောက်ပံ့ပေးခဲ့သော ဖေဖေနှင့်မေမေကို ကျေးဇူးတင်ပါတယ်၊ အသိပညာ အတတ်ပညာတွေမျှဝေပေးကြတဲ့ ဆရာများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ပဲခူးတက္ကသိုလ် တိုးတက်အောင်မြင်စေရန် ဦးဆောင်မှုပေးနေသူ ဆရာမကြီးများနှင့် ဝိုင်းဝန်ကူညီပေးနေကြသူ ဆရာ/မများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများအားလုံးကို ကျေးဇူးတင်ပါတယ်၊

Thaw Zin Htun
Firstly, I want to thanks to my teachers who support me to be a good boy and I can’t describe any words to say thanks for my family.And then,  I will also try to achieve good things in 2021 and also to get the things that I want. 2020 is also a good year which makes me mature and hardworking. I hope 2021 will be just like this.

Thet Naung Htut
ကျွ‌ေတာ့်ရ့ဲအ‌ေဖန့ဲအ‌ေမကို‌ေကျးဇူးတင်ပါတယ်ဒီအချိန်ထိမညည်းမညူ‌ေကျွး‌ေမွး‌ေစာက်‌ေရှာက့်ခဲတ့ဲအတွက်အသိပညာအတတ်ပညွေသင်ကြာပေသောဆရာ ဆရာမအားလုံးကိုလဲကျးဇူးတင်ပါတယ်

Yu May
၂၀၂၀ခုနှစ်ကတော့ ကိုယ်တွေဘွဲ့ယူတဲ့နှစ်ဖြစ်သလို ကျောင်းသားဘဝကနေ စပြီးအလှမ်းဝေးရတဲ့နှစ်ပေါ့ နှစ်ကလဲကုန်တော့မယ် ကျောင်းသူဘဝပြီးခါစအချိန်ဆိုတော့ ကျောင်းသူဘဝက ကျေးဇူးတင်ထိုက်သူဆရာကြီးဆရာမကြီးများကို ကျေးဇူးတင်ချင်ပါတယ် covid-19ရောဂါကြီးကြောင့် ကိုယ်တိုင်ကိုယ်ရောက်ဆက်သွယ်ဖို့တွေလဲလုပ်လို့မရတော့ stay at homeနေရင်း ကျေးဇူးရှင်ဆရာဆရာမတွေကိုပိုသတိရမိတယ် ကျောင်းတက်ပညာသင်ယူနေစဉ်အတွင်း ချစ်ခင်ပေးခဲ့ကြတာတွေ ဆရာတွေဆိုလဲ ကိုယ့်အတွက်postတစ်ခုကအစ shareပေး knowledge မှန်သမျှ ပြောပြပေး စေတနာပိုထားပေးတာသိသာပါတယ် ဆရာမတွေဆိုလဲ တပည့်လိုသမီးတစ်ယောက်လို ဒီနေ့ဒီချိန်ထိသဘောထားပေးပြီး ပညာရေးတစ်ခုတည်းမဟုတ်ဘဲ အဘက်ဘက်ကနေ စေတနာထားမှုတွေကိုမြင်တွေ့ရတော့သူတို့ကိုပိုသတိရပြီး ပိုကျေးဇူးတင်မိတယ် ဆရာဆရာမတွေရဲ့မေတ္တာကတော့ ဘယ်ရောက်ရောက်တစ်ခြားလူတွေဆီကရနိုင်မှာမဟုတ်ပါဘူး ၂၀၂၀အတွင်းသတိရဆုံးကျေးဇူးရှင်တွေမို့လို့ သတိရတာတွေဘဲထပ်နေမှာပါ ကျောင်းကြီးကိုရောက်အောင်ပေးနိုင်ခဲ့တဲ့မိဘတွေကိုလဲကျေးဇူးတင်ပါတယ် ကျောင်းအသီးသီးကဆရာဆရာမတွေနဲ့ကျောင်းတွေကိုလဲကျေးဇူးတင်ပါတယ် အနန္တောအနန္တဂိုဏ်းဝင်ဆိုသလို ထပ်မရနိုင်တော့တဲ့ဆရာသမားတွေပါ နောက်နှစ်ပေါင်းများစွာထိတိုင်အောင် ကျေးဇူးရှင်မေတ္တာရှင်တွေကို မြင်ချင်တွေ့ချင်ပါသေးတယ် မိဘနှစ်ပါနှင့်တစ်ကွ ကျေးဇူးရှင်ဆရာဆရာမများ အသက်ရှည်ကျန်းမာနေပါစေ.....နှစ်သစ်ဆုတောင်း

MYA WUTTYI
၂၀၂၀ခုနှစ်​မှာ မဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပါတယ်​။ဒီဘွဲ့ထိရရှိခဲ့​အောင်​ ​ပံ့ပိုး​ပေးခဲ့​ပါ​​သောမြရဲ့​မွေး​ကျေးဇူးရှင်​​ဖေ​ဖေနဲ့​မေ​မေကို​အထူး​ကျေးဇူးတင်​ပါသည်​။မိဘ​တွေရဲ့သွန်​သင်​ဆုံးမလမ်းညွှန်​​ပေးမှု့​တွေ​ကြောင့်​ စည်းစနစ်​တကျ ​နေတက်​လာခဲ့တယ်​။"စည်းကမ်းအစ အိမ်​ကစ"ဆိုသည့်​အတိုင်း ​မေ​မေကသလမ်းညွှန်​ဆုံးမခဲ့တယ်​။ပြီး​တော့​ကျောင်း​​နေတက်​ခါစအရွယ်​ကပြီး သင်​ကြာ​ပေးခဲ့ပ​သောငယ်​ဆရာများအားလုံးကို​လဲအထူးပင်​​ကျေးဇူးတင်​ပါသည်​။ငယ်​ဆရာ​တွေ​သင်​ကြားပြ​​​သ ​ပေး​သော​ကြောင့်​မြ`ဝ´လုံးကိုဝိုင်​​အောင်​​ရေးတက်​ခဲ့တာပါ။အလယ်​တန်းနှင့်​အထက်​တန်းမှာသင်​ကြာ​ပေးခဲ့ပါ ​သောဆရာ၊ဆရာမ များကိုလဲ အထူးပင်​​ကျေးဇူးတင်​ပါသည်​။တက္ကသိုလ်​​ရောက်​မှာသင်​ကြာ​ပေးခဲ့ပါ​သောဌာနမှူးနှင့်​တကွဆရာ၊ဆရာမများကိုလဲ အထူးပင်​​ကျေးဇူးတင်​ပါသည်​။မြ ရဲ့ `Supervisor´​ဒေါက်​တာမြဝတ်​ရည်​ကိုလဲ အထူးပ​င်​​ကျေးဇူးတင်​ပါသည်​။result ထွက်​တုန်းကမြတစ်​​ယောက်​ထဲ star မပါခဲ့လို့်​တီချယ့်​ကိုခုထိအားနာ​နေမိတုန်းပါပဲ။ကိုကိုယ့်​ကိုလဲ အရမ်းရှက်​မိခဲ့ပါတယ်​။၂၀၂၀ခုနှစ်​၊ကိုဗစ်​ကာလမှာစာအုပ်​​တွေဖတ်​ပြီး ဆရာ၊ဆရာမ များရဲ့ ဂုဏ်​​ကျေးဇူး​တွေ၊ မိဘရဲ့ဂုဏ်​​ကျေးဇူ​တွေကိုပိုမိုသိရှိနားလည်​ခဲ့ပါတယ်​။သင်​ဆရာ၊မြင်​ဆရာ၊ကြားဆရာများကိုလဲ​ကျေးဇူးတင်​ရှိပါသည်​။မြ ထက်​အသက်​ကြီးတဲ့ကိုကြီး​တွေ၊မမ​တွေကလဲဆုံးမလမ်းညွှန်​​ပေးခဲ့သည့်​အတွက်​​ကျေးဇူးတင်​ပါသည်​။မြ အ​ပေါ် ​ကျေးဇူးရှိသူများအားလုံးကို ​နေ့စဉ်​​နေ့တိုင်းဦးထိပ်​ပန်​ဆင်​ရှိခိုးလျှက်​ပါ........😍

Aung Pyae Sone
၂၀၂၀ခုနစ်ထိ အခုချိန်ထိရော အမြဲ စောင့်ရှောက်ပေးနေတဲ့
ဖေဖေနဲ့မေမေကိုလဲ ကျေးဇူး အထူးတင်မိပါတယ်ဗျာ အရာရာကို
ကူပြီး လိုတာတွေ အမြဲဝယ်ပေးတဲ့ အမ၂ယောက်ကိုလဲ အထူး ကျေးဇူးတင်မိပါတယ်ဗျာ အမြဲတမ်းလဲ ဘေးမှာ ရှိပေးကြပါ......၂၀၂၀ခုနစ်တခုလုံး
ကူညီပေးတဲ့ အခက်ခဲဖြစ်နေချိန် ကူညီပေး ဘေးမှာ အမြဲ ရှိပေးခဲ့တဲ့ သူငယ်ချင်းညီကိုတွေ ကိုလဲအထူးကျေးဇူးတင်မိပါတယ်။။။။။ အမြဲတမ်း ပျော်ရွှင်ကြပါစေဗျာ။။။။။။

Heinn Kyaw
2020...bye bye
Ahh....one year has gone.
Time does its work.
How about you?....
Create yourself...by doing the best for your life.
Good luck in 2021.....Everyone🙏

Thura Ko Ko(Maths)
ပထမဦးစွာ လက်ဦးဆရာဖစ်သော အမေ နဲ့အမေ ကို ဦးစွာ ကျေးဇူးတင်ပါရစေ
​ဒီအချိန်ထိ အသိပညာ၊အတတ်ပညာ ဗဟုသုတအ​ထွေထွေကို
သင်ကြာပေးခဲ့ကြပါသော ဆရာ/ဆရာမ များနဲ့ ညီအစ်ကိုမောင်နှမများ၊မိတ်ဆွေအပေါင်းအသင်းများအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။အဲ့ဒါအပြင်
Bago uni တွင်ကျွန်တော် ပညာဆည်းပူးခဲ့စဥ်အချိန်အတွင်း အဖက်ဖက် မှ အကူအညီပေးခဲ့ပါသော မိတ်ဆွေများနှင့်
Bago uni မှာ ဆရာ၊ဆရာမ များအားလုံးကိုလဲ ကျေးဇူးတင်ရှိပါတယ်
လက်ရှိရောဂါ ကပ်ဆိုးကြီးမှ အန္တရာယ် ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ကြပါစေ ❤

Thuta Kyi Thar
နှစ်တွေဟာ တစ်နှစ်နဲ့ တစ်နှစ် ပြောင်းရွှေ့ကြသလို
အသက်​တေ ွွ လဲ တစ်နှစ် ထက် တစ်နှစ် ကြီးလာပေါ့။

မနှစ်ကတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးံ ရက်မှာ ဘုရားကို​​လဲ သွားဖြစ်ခဲ့တယ် ၊ ပန်း​ေတွ လဲ လှူခဲ့သလို ၊ ငှက်​က လေး တွေ လဲ အစာကျွေး ခဲ့ ဖူး တယ်ပေါ့။

မနှစ်က ထိုလို ချိန် မှာ
ဘာဆုတွေကို တောင်းလဲ မမှတ်မိ တော့ပေမယ့် ၊ ဒီ နှစ်တော့ မေတ္တာ၊ ဏရုဏာ ၊ စေတနာ တိ​ု့ နဲ့ထိုက်တန်တဲ့ လူသားတွေကို ဘယ်အချိန် ၊ ဘယ်အခါ မှာ ဖြစ်ဖြစ် ထို သို့ ပဲ ထိုက် တန် စွာ ဆက်ဆံ မိဖို့ ဆုတောင်း
ချင်ပါရဲ့။

ပြီတော့ မနှစ်က ကလေးဆန်တဲ့ စိတ်လို ဒီနှစ်တော့လဲ မျက်ရလေး ဝဲမိတယ်...၊ ဒါနဲ့ အသင်တို့ အပေါ်မှာ တစ်ခုခုမှာ မကောင်းသော အမှု ပြုမိခဲ့​ေသာ် ကျေပါရ စေဗျာ..။ မကောင်းသော
စိတ် မပြုမိဖို့လဲ ဆုတောင်း ပါရ စေပါ...။

အပြန်အလှန် မှီခို ရတဲ့
လူ့​ေလာက မှာ အားလုံးကိုမေတ္တာ ထားဖို့
နှစ်သစ် ကုန်တိုင်း၊ ကုန်
တိုင်းမှာ နောင် တ ကင်းစွာနဲ့ နှစ်ဟောင်း​ေလး ကို ပြန်​ြကည့် ပါ ရ စေ ဗျာ...။

Paing Zin Sann (Zoology)
ပထမဆုံး ကျတော့်ကို မွေးခါစက နေ ခုချိနိ ထိ
စောင့် ​​ ရှောက် ပေးခဲ့တဲ့ မိဘ နှစ်ပါးကို ရယ် အဘိုးရယ်
မွေးချင်း​ အစ်မ နှစ်ယောက် ကိုရင်ထဲ ကနေ
ကျေးဇူး တင်သလို မိသားစု ကိုလည်း
ပြန်ပြီး ​ အကူအညီပေး ချင်ပါတယ်
ကျတော့်အတွကိ အားမရှိ တဲ့ အချိန်တွေေ
များခဲ့ တယိ စိတ်တွေလည်း ပျက်ခဲ့​ ဖူး တယ
အ်ဲ့ချိန် တွေ အားပေးတဲ့သူ တွေ ကို
လည်း အရမ်း ကျေးဇူး တင်မိပါတယ်
ကျတော် ကျေးဇူး တရားတွေ
အပေါ် ပြန်ပြီး သိတတ်အောင် အကူအညီ
ပြန်ပေးနိုင်တဲ့ အထိ ကြိုးစားမယ်
ယုံကြည် တယိ ခုချိန် ထိပညာ သင်ပေး ခဲ့ ကြသော
နယ်ပယ် များစွာက ဆရာ ဆရာမ တွေ
အားလုံး ကိုချစ်ခင်ပြီလေးစားပါတယ်
ဆရာ ဆရာမ တို့ရဲ့ ကျေးဇူး ကို
အမြဲတမ်း စိတ်က နေ ​လေးစာပြီးတန်ဖိုးထားလျက်ပါ
ဒီနှစ်ထက်မက နောက်နှစ်များစွာ ကြိုးစာပြီး
ကျေးဇူး တရား​ တွေေ ဆပ်ခွင့်အောင်
ကြိုးစားနေမှာပါ

Nile Nay Lin
ပထမဦးစွာ 2020 ခုနှစ်အတွင်းသာ မဟုတ်​ဘဲ ဖြတ်သန်းခဲ့သော ဘဝခရီးတွင် ကျေးဇူးရှင် မိဘနှစ်ပါး၊သင်ဆရာ မြင်ဆရာ ကြားဆရာများ နှင့် ခင်ပွန်ကြီး ဆယ်ပါးအား ကေျးဇူးတင် ဂါရဝ ပြုပါသည် ခင်များ။🙏
2020 ခုနှစ်အတွင်းသာဆိုလျှင် -
မှတ်မှတ်ရရ ကပ်ရောဂါ ကြောင့် အဆင်မပြေ မှုများရှိ ချိန် စိတ်ဓာတ် ခွန်အားများ ဖြစ်စေသော မေမေ၊နှင့်စာရေးဆရာကြီးများကို ကျေးဇူးတင်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ပြီး နှလံုး စိတ်ဝမ်အေးချမ်ကြပါစေ။
2020 နှင့်အတူ ကပ်ရောဂါလည်းကုန် ဆုံးပါစေ။🙏

Wai Linn Htike (Geology)
ပထမဦးစွာ 2020 ခုနှစ်အတွင်းသာ မဟုတ်​ဘဲ ဖြတ်သန်းခဲ့သော ဘဝခရီးတွင် ကျေးဇူးရှင် မိဘနှစ်ပါး၊သင်ဆရာ မြင်ဆရာ ကြားဆရာများ နှင့် ခင်ပွန်ကြီး ဆယ်ပါးအား ကေျးဇူးတင် ဂါရဝ ပြုပါသည် ခင်များ။🙏
2020 အကုန် နှစ်အကူးမှာ
မိဘနှစ်ပါးနှင့်
ကျေးဇူး ရှင် ဆရကြီး ဆရာကြီးများ
အားလုံံး ကပ်ရောဂါဘေးမှ
ကင်းဝေးပါ​​စေ ကြောင်း
ဆု တောင်း ပါတယ်
အပစ်များ ရှိခဲ့ရင် ခွင့် လွှတ်ပေးဖို့
ကန်တေတောင်း ပန် အပ်ပါသည်

ဝေလင်း#
(Geol)

Thet Naung Linn(PHYSICS)
👏👏၂၀၂၀ နှစ်တစ်နှစ်လုံးအတွက် ကျေးဇူးတင်ထိုက်သူများအား ကျေးဇူးတင်ခြင်း။👏👏

ယနေ့ဟာဆိုရင် ၂၀၂၀ဆိုတဲ့နှစ်တစ်နှစ်မှ ၂၀၂၁ဆိုတဲ့နှစ်တစ်နှစ်သို့ ကူးပြောင်းတော့မည့် နှစ်သစ်မင်္ဂလာအချိန်အခါပင်ဖြစ်သည်။နှစ်သစ်မင်္ဂလာအချိန်အခါဝယ် ကမ္ဘာသူ/သား အားလုံးတို့သည် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြ၍ ရောဂါဘယကင်းဝေးပြီး စီပွားရေး အဆင်ပြေကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကျွန်တော်တို့ဟာ ၂၀၂၀ မတ်လ ၂၅ ရက်နေ့က ကမ္ဘာကပ်ရောဂါဟု အသိအမှတ်ပြုသည့်. Covid-19 ကိုစတင်ရင်ဆိုင်တွေ့ခဲ့ရပါသည်။ ယခုလိုအခက်အခဲ့များနေတဲ့အချိန်မှာ စားဝတ်နေရေး၊နေထိုင်ရေး၊ကျန်းမာရေး များကို ကူညီပေးကြသည့် မိဘများနှင့် ညီအစ်ကိုမောင်နှမများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ အခြေခံပညာမှစ၍ ယခုသင်ကြားနေသည့် အတန်းပညာများထိ သွန်သင်ဆုံးမ သင်ကြားပေးကြသည့် ဆရာကြီး/မကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါသည်( လက်ဆယ်ဖြာထပ်မှာမိုး၍ကန်တော့အပ်ပါသည်)။ ယခုလို အခြေအနေမျိုးမှာ နေထိုင်မှု့အသစ်/သင်ကြားမှု့အသစ်များနှင့် ရင်ဆိုင်တွေ့ကြုံ သင်ကြားနေရသည်။ ယခုလိုအခက်အခဲ့မျိုးမှာ စိတ်ဓာတ်မကျပဲ နေထိုင်၊လုပ်ဆောင်နိုင်သည့် မိမိကိုယ်ကိုယ် ကျေးဇူးတင်ပါသည်။ Covid-19 ကြောင့် ကျောင်းများနားနေရချိန်တွင် သင်ကြားရေးအသစ် (Online)သင်ကြားရေးနှင့် ရင်နှီးကျွမ်းဝင်အောင်သင်ကြားပေးသည့် Tr.Dr.Khin Moe Khaine ကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ကမ္ဘာကပ်ရောဂါဟု အသိအမှတ်ပြုထားသည့် Covid-19 ကြောင့် Quarantine ဝင်ရောက်နေသူများအား အစားအသောက်များ လှူဒါန်းပေးကြသည့် အလှူရှင် များအားလည်းကောင်း၊ စိတ်ညစ်မှု့မရှိအောင် တေးဂီတ အမျိုးမျိုးဖြင့် ကူညီကြသည့် Volunteers များအားလည်းကောင်း။ကျေးဇူးတင်််််ရှိပါသည်။ Positive ထွက်၍ ဆေးကုသခံယူနေချိန် မိသားစုကို ပဓာန မထားပဲ ဆေးကုသ စောင့်ရှောက် ပေးကြသည့် ကျန်းမာရေးဝန်ကြီးဌာနရှိ ဆရာ၊ဆရာမများအား လည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။ Covid-19 ကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှု့ အသစ်တွင် ရင်းနှီးကျွမ်းဝင်အောင် နေထိုင်ကြရင်း စိတ်ချမ်းသာ၊ကိုယ်ကျန်းမာဖြင့် နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဗျာ👏

Thant Sin
ကျွန်တော်ကိုမွေးခဲ့တဲ့ အချိန်ကစပြီး ယခု ၂၀၂၀ရောက်သည်အထိ ကျွန်တော့အမှားတွေကိုထောက်ပြတယ် လမ်းမှန်ကိုညွှန်ပြတယ် ကျွန်တော်ဆိုးနေရင်တောင် ကျွန်တော်ဘက်ကရပ်တည်ပေးပြီး နောက်ကွယ်ရောက်မှ ဆုံးမကြတယ် ကျွန်တော်ရည်မှန်းချက်တွေပျောက်နေရင်တောင် ဒါလေးလုပ်ကြည့်ဟိုဟာလေးလုပ်ကြည့်နဲ့ အမြဲအကြံပေးကြတဲ့ မိဘ ၂ ပါး သင်ဆရာ မြင်ဆရာ ကြားဆရာ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေ ပညာရေးနယ်ပယ်မှာ သိခဲ့တဲ့ မိတ်ဆွေးတွေ ပတ်ဝန်းကျင်နယ်ပယ်မှာသိခဲ့တဲ့ မိတ်ဆွေတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။

ဒီလူတွေနဲ့ဘဲ ၂၀၂၀ ကိုတူတူကုန်ဆုံးပြီ ၂၀၂၁ မှမကနောင်နှစ်ပေါင်းများစွာအတူတူကုန်ဆုံးချင်ပါတယ်။ ကိုဗစ်ကာလမှာ ကျန်းမာရေးကို ဂရုစိုက်ကြပါ ပြီးတော့ကျွန်တော့ကိုလဲ လမ်းညွှန်မှုတွေထပ်ပေးပါ ကျေးဇူးတင်ပါတယ်။

Paing Thet Htun(Geology)
2020 နှစ်ကတော့ ကိုယ်တွေ Bago University ဆိုတဲ့ကျေောင်းတော်ကြီးကနေနှုတ်ဆက်ခဲ့ရပီး ဘွဲရခဲ့တဲ့နှစ်ပေါ့ ပထမဦးစွာကျေးဇူးတင်ချင်တာကတော့ လူရယ်ဆိုပီးဖစ်လာအောင်ပြုစုပျိုးထောင်လာပေးတဲ့မိဘနှစ်ပါး ပီးတော့ ပညာတွေစုံလင်အောင်သင်ကြားပေးခဲ့သောဆရာဆရာမ များကိုကျေးဇူးတင်ပါတယ် အခုလို ကျောင်းကြီးပိတ်ထားရ​တော့ ကျောင်းတော်ကြီးမှာ ပျော်ခဲ့ရတာတွေ အားကစားပွဲတွေကိုပိုပီးသတိရမယ် တက်ခဲ့ရတဲ့ အချိန်တိုလေးဆိုပေမဲ့ သတိရလွမ်းဆွတ်ဖွယ်ရာများစွာရှိနေပါတယ်
​နောက်ဆုံးနှစ်စာမေးပွဲဖြေခါနီး စာကျက်ဖို့တွန်းအားပေးခဲ့ စာမေးပွဲအခန်းထိလိုက်စောင့်​​
ပေးခဲ့တဲ့သူကိုလည်းသတိတရနဲ့ကျေးဇူးတင်မိပါတယ်
နောက်ဆုံးဆုတောင်းကတော့ 2020နှစ်မှာဖစ်ခဲ့တဲ့ အရာတွေ ရောဂါဆိုးတွေကနေ အမြန်ဆုံးကင်လွတ်ပီး အရင်လို စိမ်းလန်းဆိုပြေသာယာတဲ့ကျောင်းတော်ကြီးပိုမိုတိုးတက်လာပါစေလို့နှစ်သစ်ဆု​တောင်းအဖစ် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်